နောင်ချိုဒေသရှိ ဓနုဒေသိယစကားမှ နေ့စဉ်သုံးစကားများ လေ့လာချက်
Abstract
- ဤစာတမ်းသည် နောင်ချိုဒေသရှိ ဓနုလူမျိုးတို့ ပြောဆိုသုံးနှုန်းနေသော နေ့စဉ်သုံးစကားများကို လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ အလေ့လာခံ ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အများဆုံး နေထိုင်ကြသည်။ နောင်ချိုဒေသရှိ ဓနုလူမျိုးတို့သည် ရှမ်းလူမျိုးတို့နှင့် ရောနှော နေထိုင်ကြပါသည်။ နောင်ချိုဒေသ မြောက်ဘက်ရှိ ဓနုလူမျိုးတို့သည် ရှမ်းလူမျိုးတို့နှင့် ရောနှောနေထိုင်ကြပြီး တောင်ဘက်ရှိ ဓနုလူမျိုးတို့သည် သီးခြားနေထိုင်ကြပြီး ရွာပေါင်း (၅၈)ရွာ ရှိပါသည်။ ရည်ရွယ်ချက်မှာ ဓနု ဘာသာစကားကို မှတ်တမ်းတင်လိုခြင်း ဖြစ်ပါသည်။ ဤစာတမ်းအတွက် အလေ့လာခံစကားလုံးတို့ကို နောင်ချိုဒေသရှိ ဓနုလူမျိုးများ ပြောဆိုသော ဘာသာစကားမှ လေ့လာတင်ပြထားပါသည်။ ဤစာတမ်းကို ဘာသာဗေဒ နည်းဖြင့် လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2018
Author
-
Khin Sandar Toe
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)