တစ်ကွက်စာ ကာတွန်းများတွင်တွေ့ရသော လူမှုအခြေအနေအဆက်အစပ်
Abstract
- ဤစာတမ်းသည် တစ်ကွက်စာကာတွန်းများမှ တွေ့ရှိရသော လူမှုအခြေအနေများကို လေ့လာတင်ပြ ထားသော သုတေသနစာတမ်းတစ်စောင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လတ်တလော ဖြစ်ပေါ် တတ်သည့် အခြေအနေများကို ကာတွန်းများမှတစ်ဆင့် သိရှိနိုင်ရုံသာမက အချိန်ကာလ တစ်ခုအတွင်း ဆက်စပ်ရာအဖြစ်အပျက် အချို့ကိုလည်း ခြုံငုံသိရှိနိုင်ကြောင်း မှတ်တမ်းတင်ဖော်ပြလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာထားပါသည်။ ဤစာတမ်းကိုလေ့လာရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၂၃) ရက်နောက်ပိုင်းရေးဆွဲသည့် တစ်ကွက်စာကာတွန်းအချို့ကို အလေ့လာခံအဖြစ် သတ်မှတ်ကာ လူမှုဘာသာ ဗေဒနည်းနာများဖြင့် လူမှုအဆက်အစပ်ကို ချဉ်းကပ်တင်ပြထားပါသည်။ ထိုကာလ အတွင်းရေးပါသည့် ကာတွန်းအများစုကို လေ့လာကြည့်ပါက ကမ္ဘာ့ကပ်ရောဂါဆိုးအကြောင်း သာမကကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ပညာရေးအပြင် လူတို့၏သဘော သဘာဝ စသည့်ရှုထောင့်စုံမှ လူမှုအဆက်အစပ်များကိုပါ သိရှိရပါသည်။ ဤစာတမ်းသည်စာပေ၊ အနုပညာ ရပ်များမှ ခေတ်ကြေးမုံအခြေအနေတစ်ခုကို လေ့လာလိုသူများအတွက် အထောက်အပံ့ပေးနိုင် မည်ဖြစ်ပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Thin Thin Nyunt
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)