ကာတွန်းစာစကားရှိအနက်ပိုလွန်ခြင်း
Abstract
- ဤစာတမ်းသည် ကာတွန်းစာစကားရှိ အနက်ပိုလွန်ခြင်း သဘောတရားများကို လူမှုဘာသာဗေဒနှင့် အတ္တဗေဒရှုတောင့်နှစ်ခုမှနေ၍ လေ့လာတင်ပြခြင်းဖြစ်ပါသည်။ ဘာသာစကားသည် စာပေကို မိမိ၏ စိတ်ကူးစိတ်သန်းအနုပညာဖြင့် ရုပ်လုံးဖော်ပေးသော ဆက်သွယ်မှုဖြစ်ပါသည်။ ကာတွန်းစာစကားကို အခြေခံပြီး ဘာသာစကား၏အနက်ပိုလွန်ခြင်းများဖန်တီးပုံကို ရည်ရွယ်ပြီးဖော်ထုတ်ခြင်း ဖြစ်ပါ သည်။ အနက်ပိုလွန်ခြင်းဆိုသည်မှာ စကားလုံးတစ်လုံးတွင် အနက်တစ်ခုထက်မကရှိခြင်း (သို့မဟုတ်) အနက် များပြားမှုများပင်ဖြစ်ပါသည်။ ဤကဲ့သို့ ကာတွန်းစာစကားရှိ အနက်ပိုလွန်ခြင်း ကို လေ့လာခြင်းဖြင့် မြန်မာဘာသာစကားနှင့်စာပေတွင် အနကြွ်ကယ်ဝမှုများကို သိရှိနားလည်နိုင်ပါ မည်။ ထို့ပြင်ကာတွန်းများဖြင့် လူမှုကွန်ယက်ကိုထိရောက်စွာ ဆက်သွယ်ပေးနိုင်ကြောင်းနှင့် ပညာရှင်တို့၏ Óဏ်ရည်Óဏ်သွေးကို ဖော်ထုတ်ပြခြင်းလည်း ဖြစ်ပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Than Than Aye
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)