ကယားဘာသာစကားနှင့် မြန်မာဘာသာစကား၏ စကားသံဖွဲ့ပုံ နှိုင်းယှဉ်လေ့လာချက်
Abstract
- ဤစာတမ်းသည် ကယားဘာသာစကားနှင့်မြန်မာဘာသာစကား၏ စကားသံဖွဲ့ပုံကို နှိုင်းယှဉ်လေ့လာ တင်ပြထားသည့် စာတမ်းဖြစ်သည်။ အလေ့လာခံအဖြစ် ကယားဘာသာစကားနှင့် မြန်မာဘာသာ စကားကို ရွေးချယ်ထားပြီး လေ့လာရာတွင် စကားသံဖွဲ့ပုံဆိုင်ရာ သီအိုရီများကို အသုံးပြုထားသည်။ မြန်မာတိုင်းရင်းသား ဘာသာစကားတစ်မျိုးဖြစ်သည့် ကယားဘာသာစကား၏ စကားသံဖွဲ့ပုံတွင် မြန်မာဘာသာစကားနှင့် တူညီသည်များရှိသကဲ့သို့ ကွဲပြားမှုများလည်းရှိကြောင်း တွေ့ရသည်။ ထိုတူညီမှု၊ ကွဲပြားမှုများကို ဗျည်းသံရင်း၊ သရသံရင်း၊ ဝဏ္ဏဖွဲ့ပုံဟူ၍ သုံးပိုင်းခွဲခြားတင်ပြထားသည်။ ဤစာတမ်းကိုပြုစုရသည့်ရည်ရွယ်ချက်မှာ ကယားဘာသာစကား၏ စကားသံဖွဲ့ပုံကို သိရှိနားလည် နိုင်စေရန်၊ မြန်မာစကားသံဖွဲ့ပုံနှင့် တူညီမှု၊ ခြားနားမှုများကို သိရှိနိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုပိုမိုရရှိစေရန်ဖြစ်သည်။ ဤစာတမ်းသည် မြန်မာတိုင်းရင်းသား ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
 
Collections
Download
Year
- 2021
 
Author
- 
							Yee Yee Cho
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)