အဘိဓာန်ပြင်ပရှိ နှုတ်ပြောအနက်ပွားစကားလုံးများ လေ့လာချက်
Abstract
- ဤစာတမ်းသည် အဘိဓာန်ပြင်ပရှိ နှုတ်ပြောအနက်ပွားစကားလုံးများလေ့လာချက် စာတမ်းဖြစ်ပါ သည်။ မြန်မာအဘိဓာန်ထဲတွင် မပါဝင်သေးသော နှုတ်ပြောစကားလုံးနှင့်အသုံး၊ စကားလုံးအနက် ဖွင့်များကို လေ့လာဖော်ထုတ်လိုခြင်း ရည်ရွယ်ချက်ကို အရင်းခံပါသည်။ အဘိဓာန်ပညာ၊ မြန်မာ အဘိဓာန်စာအုပ်ပါအနက် အနက်အဓိပ္ပာယ် ကြံဆဖွင့်ဆိုမှုများ၊ ဘာသာစကားလေ့လာမှုဆိုင်ရာ နည်းနာများနှင့် ပညာရှင်များ၏အဆိုအမိန့်များကို နည်းနာယူချဉ်းကပ်ပြီး လေ့လာတင်ပြထားပါ သည်။ အဘိဓာန်ပါတည်ပုဒ်တစ်ခု၏ အရင်းခံအနက် လွှမ်းမိုးထင်ရှားသော၊ ဆက်စပ်တူညီ တင်စား သုံးသော အနက်ပွားစကားလုံးများနှင့် အဘိဓာန်ပြင်ပရှိ အနက်ပွားစကားလုံးများမှ ဥပစာ စကားလုံး အဖြစ်သတ်မှတ်နိုင်သော စကားလုံးများကိုသာ နယ်ပယ်ကန့်သတ်လေ့လာပြီး အလေ့လာခံ စကားလုံး တို့၏ အနက်ဖွင့်များကိုပါ ဆန်းစစ်ကြံဆ တင်ပြထားပါသည်။ ဤစာတမ်းပါ စကားလုံး များသည် တည်ပုဒ်တစ်ခု၏ အနက်ပွားများအဖြစ် မြန်မာအဘိဓာန်တွင် ထည့်သွင်းပါဝင်နိုင်ရန် ကြိုးပမ်းမှု အတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Khaing Maw Win
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)