သိမြင်မှုဆိုင်ရာ ဘာသာဗေဒနှင့်စကားလုံးကစားမှု
Abstract
- ဤစာတမ်းသည် လူတို့၏တွေးတောဆင်ခြင်စဉ်းစားမှုများမှ ရရှိလာသော ဆင်ခြင်သိမြင်မှုဖြစ်စဉ် များကိုအခြေခံ၍ ဘာသာစကား၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များကို သိပ္ပံနည်းကျကျ လေ့လာ ဖော်ထုတ်သော သိမြင်မှုဆိုင်ရာ ဘာသာဗေဒလေ့လာမှု နယ်ပယ်တွင်အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်သည့် စကားလုံးကစားမှုကို လေ့လာဖော်ထုတ်ထားသော စာတမ်းဖြစ်ပါသည်။ ဘာသာစကား လေ့လာမှုနယ်ပယ်တွင် အရေးပါသောစကားလုံးကစားမှုတွင် အသုံးပြုသည့် အခြေခံစကားလုံးများ ၏အနက် အဓိပ္ပာယ်ဖွဲ့ယှက်မှုသဘော၊ အနက်သက်ရောက်နိုင်မှု အတိုင်းအတာများကို သိရှိစေလို သော ရည်ရွယ်ချက်ဖြင့် လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာတမ်းတွင် သိမြင်မှုဆိုင်ရာ ဘာသာဗေဒ၊ စကားလုံးကစားမှု၊ စကားလုံးကစားမှုနှင့် အခြေခံစကားလုံးများ၊ စကားလုံးကစားမှုနှင့် အဓိပ္ပာယ် မျိုးကွဲခြင်း၊ စကားလုံးကစားမှုနှင့် ပုံရိပ်သိမြင်မှု အစီအစဉ်ပုံစံဟူ၍ အပိုင်းများခွဲကာ လေ့လာတင်ပြ ထားပါသည်။ ဤစာတမ်းပါ လေ့လာချက်များသည် သိမြင်မှုဆိုင်ရာ ဘာသာဗေဒရှုထောင့်မှ ဘာသာစကားများကို လေ့လာရန် အထောက်အကြုူပနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2021
Author
-
Nu Nu Thein
Subject
- Myanmar (Language)
Publisher
- Myanmar Academy of Arts and Science (MAAS)