သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြန်မာဓလေ့သုံး စကားများလေ့လာချက်
Abstract
- ဤစာတမ်းသည် ]]သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြန်မာဓလေ့သုံးစကားများလေ့လာချက်}} ဖြစ်ပါ သည်။ မြန်မာဓလေ့သုံးစကားများအနက် သဘာဝပတ်ဝန်းကျင်လောကကို အခြေပြုသည့်ဓလေ့သုံး စကားများ၏ အနက်အဓိပ္ပာယ်နှင့်အသုံးသည် မြန်မာဘာသာစကား နယ်ပယ်တွင်မည်သို့ ရှိကြောင်း တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ပြုစုတင်ပြပါသည်။ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ မြန်မာ ဓလေ့သုံးစကားများဆိုင်ရာ သုတေသနဆောင်းပါးများကို စာတွေ့အလေ့လာခံအဖြစ် သတ်မှတ် ပါသည်။ ထို့ပြင်မျက်မှောက်ခေတ် လူထုလူတန်းစားအလွှာမျိုးစုံတို့ ပြောဆိုသုံးစွဲလေ့ရှိကြသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှုတ်ပြောဓလေ့သုံးစကားများကိုလည်း လက်တွေ့ကွင်းဆင်း၍ လေ့လာ မှတ်သားပြုစုပါသည်။ ဤသို့ပြုစုရာတွင် မြန်မာဘာသာစကားအမြင်ဖြင့် ချဉ်းကပ်လေ့လာပြုစု ပါသည်။ ထို့ကြောင့်ဤစာတမ်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြန်မာဓလေ့သုံးစကားများ လေ့လာလိုသူများအတွက် အထောက်အကူပြုနိုင်ပါသည်။
 
Collections
Year
- 2021
 
Author
- 
							Thurein Wint Wint Han
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)