ကျစွာမင်းအမိန့်တော်ပြန်တမ်း ကျောက်စာကို ရေးဟန်ပညာ (ဘာသာဗေဒ)ရှုထောင့်မှ လေ့လာချက်(ဝါကျဟန်)
Abstract
- ဤစာတမ်းသည် ကျစွာမင်းအမိန့်တော်ပြန်တမ်းကျောက်စာ၏ ဝါကျများကို ရေးဟန်ပညာ (ဘာသာ ဗေဒ) ရှုထောင့်မှ လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ဤလေ့လာမှု နည်းနာအနေဖြင့် ဟန်ဟူသည် ရွေးချယ်မှုဟူသော သီအိုရီကိုအသုံးပြုထားပါသည်။ လေ့လာရာတွင် ဝါကျအမျိုးအစား သတ်မှတ် ခြင်း၊ ရေတွက်ခြင်း၊ ဖွဲ့စည်းအသုံးပြုမှုများကို သုံးသပ်ခြင်း၊ အကြောင်းအရာနှင့် လိုက်ဖက်မှုရှိ၊မရှိ၊ အနက်အဓိပ္ပါယ် အားကောင်းပေါ်လွင်မှု ရှိ၊မရှိသုံးသပ်ခြင်း၊ ရေးထိုးသူ၏ စိတ်စေတနာတို့ထင်ဟပ်မှု ရှိ၊ မရှိ သုံးသပ်ခြင်းတို့ ဆောင်ရွက်ပါသည်။ ဤစာတမ်းတွင် ရေးဟန်ပညာအရ ဝါကျဟန်ကို ရာခိုင်နှုန်း၊ကြိမ်နှုန်း၊ ပျမ်းမျှ၊ ဇယားဂရပ်တို့ဖြင့် တင်ပြထားပါသည်။ ကျောက်စာပါဝါကျတို့ကို ရေးဟန်ပညာ (ဘာသာဗေဒ) ရှုထောင့်မှ လေ့လာလိုသူတို့အတွက် အထောက်အကူပြုမည့် စာတမ်း တစ်စောင်ဖြစ်ပြီး နိုင်ငံ့အကျိုးပြု၊ ဘာသာစကားအကျိုးပြု စာတမ်းတစ်စောင်ဖြစ်ပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Zin Mar Htwe
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)