မြန်မာဝေါဟာရ ဖွံ့ဖြိုးတိုးတက်မှုတွင် မွေးစားစကားလုံးများ၏ အခန်းကဏ္ဍ
Abstract
- ဤစာတမ်းသည် မြန်မာဝေါဟာရ ဖွံ့ဖြိုးတိုးတက်မှုတွင် မွေးစားစကားလုံးများသည်မည်မျှ အရေးပါ ကြောင်း ဖော်ထုတ်တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ဘာသာဗေဒပညာရပ် နယ်ပယ်ကို အခြေခံ၍လေ့လာထားပါသည်။ မွေးစားစကားလုံးများကို တင်ပြရာတွင် မြန်မာစာ အဖွဲ့ကပြုစုသော မြန်မာအဘိဓာန်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည့် မွေးစားစကားလုံးများကို အဓိက ထား၍ တင်ပြထားပါသည်။ ဤသို့လေ့လာခြင်းသည် မြန်မာဘာသာစကားကိုဖွံ့ဖြိုး တိုးတက်စေ သော မွေးစားစကားလုံး အမျိုးအစားများနှင့် ပေါ်ပေါက်လာသော သမိုင်းကြောင်းကို ဖော်ထုတ်လို ခြင်းဖြစ်ပါသည်။ မြန်မာဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘာသာစကားအကျိုး ဖြစ်ထွန်းမှုတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
 
Collections
Year
- 2021
 
Author
- 
							Wint War War Hlaing
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)