မြန်မာဘာသာစကားရှိ ဓလေ့သုံးစကားများ
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားရှိ ဓလေ့သုံးစကားများကို သုတေသနပြုထားသော စာတမ်း ဖြစ်ပါသည်။ မြန်မာနေ့စဉ်သုံးစကားတွင် ဓလေ့သုံးစကားများကို ကြားနေရသော်လည်း မည်သည့် ဓလေ့မှ ဆင်းသက်လာကြောင်းကို သိသူနည်းလွန်းပါသည်။ လူသိနည်းသော ဝေါဟာရတစ်ခုသည် ပျောက်ကွယ်သွားနိုင်ပါသည်။ ဘာသာစကားပျောက်ကွယ်သွားလျှင် လူမျိုးလည်းပျောက်ကွယ်သွား နိုင်ပါသည်။ ဤအချက်ကို အဓိကပြဿနာ တစ်ရပ်အဖြစ် ဖြေရှင်းနိုင်ရန် ဘာသာစကားရှုထောင့်မှ စနစ်တကျသုတေသနပြုခြင်းဖြစ်ပါသည်။ သုတေသနပြုရာတွင် သုတေသနဆိုင်ရာ နည်းလမ်းများ အနက် အချက်အလက်ကောက်ယူစုဆောင်းသည့် သုတေသနနည်းကို အသုံးပြုထားပါသည်။ မြန်မာ ဘာသာစကားရှိ ဓလေ့သုံးစကားများကို ဖော်ထုတ်ရာ၌ ဓလေ့သုံးစကားများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်း ၅ ရပ်အပေါ်တွင်အခြေခံပြီး သုတေသနပြုထားပါသည်။
 
Collections
Download
Year
- 2021
 
Author
- 
							Soe Soe Naing
 
Subject
- Myanmar (Language)
 
Publisher
- Myanmar Academy of Arts and Science (MAAS)