သမိုင်းဘာသာဗေဒ၊ ရင်းမြစ်ဗေဒနှင့် အတ္ထဗေဒဆက်နွှယ်မှု
Abstract
- ဤစာတမ်းသည် ဝေါဟာရတို့၏အနက်အဓိပ္ပာယ်ကိုကြံဆရာတွင် ဘာသာဗေဒလေ့လာမှုနယ်ပယ် တွင်ပါဝင်သော သမိုင်းဘာသာဗေဒ ၊ ရင်းမြစ်ဗေဒ နှင့်အတ္ထဗေဒ လေ့လာမှုတို့သည်များစွာ အထောက်အကူဖြစ်ပုံ၊ ထိုလေ့လာမှုများသည် အချင်းချင်းဆက်နွှယ်လျက်ရှိပုံ၊ ထိုလေ့လာမှုများကို မြန်မာဘာသာစကား ပညာရှင်များက လေ့လာမှုပြုခဲ့ကြပုံတို့ကို ဆက်စပ်ဖော်ထုတ် တင်ပြလိုခြင်း ဖြစ်ပါသည်။ ဤသို့လေ့လာခြင်းအားဖြင့် ဝေါဟာရများ၏အနက်ရင်း အမှန်ရှာဖွေဖော်ထုတ်ပုံ နည်းစနစ်နှင့် သမိုင်းဘာသာဗေဒ၏အရေးပါမှု အခန်းကဏ္ဍ၊ ရင်းမြစ်ဗေဒ၏ အရေးပါမှုအခန်းကဏ္ဍ နှင့် အတ္ထဗေဒ၏အရေးပါမှု အခန်းကဏ္ဍတို့ကို လေ့လာသိရှိစေရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2021
Author
-
Tin Tin Htwe
Subject
- Myanmar (Language)
Publisher
- Myanmar Academy of Arts and Science (MAAS)