မြစ်ကြီးနားမြို့ရှိ ဂျိန်ဖော့ဒေသိယစကားသံ
Abstract
- ဤစာတမ်းသည် မြစ်ကြီးနားမြို့ရှိ ဂျိန်ဖော့(ဂျိန်းဖော) လူမျိုးများ ပြောဆိုသော (မြန်မာစကား) ဒေသိယစကားသံများအကြောင်း သိရှိနိုင်ရန် ရည်ရွယ်ပါသည်။ ဤသို့တင်ပြနိုင်ရန် မြစ်ကြီးနားမြို့ရှိ ဂျိန်ဖော့လူမျိုးများကို သွားရောက် မေးမြန်းစိစစ်အတည်ပြုပြီးမှ သိလာရသောရလဒ်ကို အခြေပြု တင်ပြထားခြင်း ဖြစ်၏။ ဂျိန်ဖော့ဒေသိယစကားသံများအကြောင်း လေ့လာရာတွင် ဘာသာဗေဒ ပညာရပ်မှ အခြေခံနည်းနာများကို အသုံးပြုပါသည်။ ဤစာတမ်းတွင် ဂျိန်ဖော့ လူမျိုးတို့ ပြောဆိုသည့် အချို့သော သရသံများနှင့် စံစကားရှိ သရသံများ ကွဲပြားပုံ၊ ဂျိန်ဖော့လူမျိုးတို့ ပြောဆိုသည့် အချို့သော ဗျည်းသံများနှင့် စံစကားရှိ ဗျည်းသံများ ကွဲပြားပုံနှင့် ယင်းတို့ကို သုံးသပ်ချက်ဟူ၍ တင်ပြ ထားသည်။ ဤစာတမ်း၏ တင်ပြချက်များကြောင့် မြစ်ကြီးနားမြို့ရှိ ဂျိန်ဖော့ လူမျိုးများ ပြောဆိုသည့် မြန်မာစကားများမှ အချို့သော စကားသံများသည် နေထိုင်ရာနေရာဒေသကို အကြောင်းပြု၍ ကွဲပြားသော ဒေသဒေသိယစကား တစ်ခုဖြစ်ကြောင်း သိလာမည်။ ဒေသိယစကားကို လေ့လာမည့် ဘာသာစကား သုတေသီများအတွက် အထောက်အပံ့ဖြစ်မည်ဟု စာတမ်းပြုစုသူက အခိုင်အမာ ယုံကြည်ပါသည်။
Collections
Download
Year
- 2018
Author
-
Mg Mg Oo
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)