ရှင်ပင်စာကြိုဘုရားရှိ ဝိဓုရဇာတ် မင်စာလေ့လာချက်
Abstract
- ဤစာတမ်းသည် ]]ရှင်ပင်စာကြိုဘုရားရှိ ဝိဓုရဇာတ် မင်စာလေ့လာချက်}} ဖြစ်ပါသည်။ မင်စာအရေးအသားတို့တွင် ပုဂံခေတ်ဦး လောကထိပ်ပန်ဇာတ် မင်စာ များကို လူသိများသော်လည်း လူသိနည်းမည်ဟု ယူဆရသော ပုဂံခေတ် နှောင်းပိုင်း စလေ ရှင်ပင်စာကြိုဘုရားရှိ ဇာတကမင်စာများကို ဖော်ထုတ် တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ဤစာတမ်းကို တင်သွင်းရခြင်း ဖြစ်ပါသည်။ ဤသို့ လေ့လာ တင်ပြနိုင်ရန်အတွက် စလေမြို့ ရှင်ပင်စာကြိုဘုရား ရင်ပြင်တော်ရှိ ဘုရားအမှတ် ၉၄၊ ၅၅၀ ဇာတ်မင်စာ ဇာတ်တော်စဉ် (၅၄၆)၊ ဝိဓုရဇာတ်တော်ကို အလေ့လာခံသုတေသန နယ်နိမိတ်အဖြစ် သတ်မှတ်ပြီး ဇာတ်လမ်းအတင်အပြ၊ စကားအသုံးအနှုန်းနှင့် ဝါကျဖွဲ့ထုံး စသည်တို့ကို ဘာသာစကားနယ်ပယ်မှ နည်းစနစ်များဖြင့် လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် မြန်မာစာပေနှင့် ဘာသာစကား သုတေသီများအတွက် ပုဂံခေတ်နှောင်းပိုင်းကာလ ဆေးနီမင်စာ အရေးအသားတို့ဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သော မြန်မာစာပေကို ရှုထောင့် အမျိုးမျိုးတို့မှ သုတေသနပြုနိုင်သော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
Collections
Download
Year
- 2018
Author
-
Tin Myo Han
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)