ခေတ်မွန်ဘာသာစကားရှိ အပြောနှင့်အရေးတွင် စကားသံကွာခြားမှု
Abstract
- ဤစာတမ်းသည် မျက်မှောက်ခေတ် မွန်ဘာသာစကားရှိ အပြောနှင့်အရေး ကွာခြားမှုများကို သိရှိနိုင်ရန် ရည်ရွယ်၍ သဒ္ဒဗေဒရှုထောင့်က လေ့လာတင်ပြ ထားသော စာတမ်းတစ်စောင် ဖြစ်ပါသည်။ ခေတ်မွန်ဘာသာစကားရှိ စကားသံအဆင့်၌ အပြောနှင့်အရေး ကွာခြားပုံများကို နှိုင်းယှဉ်လေ့လာထား ပါသည်။ စကားသံအဆင့်တွင် ဗျည်းသံများ ပြောင်းလဲပြောဆိုခြင်းကြောင့် လည်းကောင်း၊ ဗျည်းသံများ ချန်၍ ပြောဆိုခြင်းကြောင့် လည်းကောင်း၊ သရသံများ ပြောင်းလဲပြောဆိုခြင်းကြောင့် လည်းကောင်း အပြောနှင့်အရေး ကွာခြားရသည့် ပြဿနာကို လေ့လာဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ လေ့လာဖော်ထုတ်ခြင်းအားဖြင့် မျက်မှောက်ခေတ်တွင် ပြောဆိုနေ ကြသော မွန်ဘာသာစကားနှင့် မွန်စာပေအရေးအသားတို့၏ စကားသံ ကွာခြားမှု အတိုင်းအတာကို သိရှိလာနိုင်ပေမည်။ ခေတ်မွန်ဘာသာစကားနှင့် စာပေကို လေ့လာလိုသူ ဘာသာစကားသုတေသီများအတွက် အထောက်အပံ့ ပြုနိုင်ပြီး တိုင်းရင်းသားဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းရာ ရောက်သည်ဟုလည်း ယုံကြည်မိပါသည်။
Collections
Download
Year
- 2018
Author
-
Mi Nwe Than
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)