အမျိုးသားနှင့်အမျိုးသမီးဆိုင်ရာမြန်မာစကားပုံဆိုရိုးများ
Abstract
- ဤစာတမ်းသည် အမျိုးသားနှင့်အမျိုးသမီးတို့၏ သဘောသဘာဝဆိုင်ရာ မြန်မာစကားပုံ ဆိုရိုးများကို လူမှုဘာသာဗေဒရှုထောင့်မှ လေ့လာတင်ပြ ထားသော စာတမ်း ဖြစ်ပါသည်။ စကားပုံ၊ ဆိုရိုးများသည် မြန်မာ့လူ့ဘောင် နယ်ပယ်တွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။ ဤကဲ့သို့ အသုံးပြုရာတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ သဘောသဘာဝဖြင့် ခွဲခြားပြောဆိုနေသည့် စကားပုံ၊ ဆိုရိုးများကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့ လေ့လာတွေ့ရှိချက်ကို အခြေခံပြီး ဘာသာဗေဒ၏ နယ်ပယ်တစ်ခုဖြစ်သော လူမှုဘာသာဗေဒ ရှုထောင့် မှနေ၍ လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ လူ့ဘောင်တွင် ကျယ်ပြန့်နေသော စကားပုံဆိုရိုးများကို လေ့လာခြင်းဖြင့် မြန်မာဘာသာစကား၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသိရှိနိုင်မည်ဟု ယူဆ ပါသည်။
Collections
Download
Year
- 2018
Author
-
Than Than Aye
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)