ဓမ္မစကားပြေလာ ပုံစံတူအပြိုင်အဖွဲ့များ
Abstract
- လူမျိုးတစ်မျိုးစီ၏ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံ၍ ဓမ္မစကားပြေ စာပေတို့သည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဓမ္မ စာပေသည် လူတို့၏ထွက်ပေါက်လည်း ဖြစ်သကဲ့သို့ စိတ်၏ပြူတင်းပေါက် လည်း ဖြစ်သည်။ ဤစာတမ်းတွင် ဓမ္မစကားပြေစာပေ အတွင်းရှိ အပြိုင်အဖွဲ့ ပုံစံများကို ရေးဟန်ရှုထောင့်မှ လေ့လာတင်ပြထားပါသည်။ ဤသို့ တင်ပြရာ၌ ဓမ္မစကားပြေစာပေအတွင်းရှိ အရေးအသားများကို ရေးဟန် ပညာလာ အပြိုင် အဖွဲ့ ပုံစံ (၈)မျိုးဖြင့် ချိန်ထိုးလေ့လာ တင်ပြပါမည်။ ဤလေ့လာမှုသည် စာပေနှင့် ဘာသာစကား ဆက်စပ်လေ့လာမှုနယ်ပယ်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
Collections
Download
Year
- 2018
Author
-
Khin Myat Thwe
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)