ခေတ်ပေါ်သီချင်းများ၏ အနက်ချဲ့ထွင်မှု
Abstract
- ဤစာတမ်းတွင် မြန်မာခေတ်ပေါ်သီချင်းများကို ရေးဖွဲ့ရာ၌ တင်စားကာ အနက်ချဲ့ထွင် ရေးဖွဲ့ပုံကို အတ္ထဗေဒရှုထောင့်မှ လေ့လာတင်ပြထားသည်။ ဘာသာစကားတစ်မျိုးဖြစ်သော ဂီတကိုရေးဖွဲ့ရာတွင် တေးရေးဆရာတို့သည် ဘာသာဗေဒယူနစ်များဖြစ်သော စကားလုံး၊ ပုဒ် စသည်တို့ကို အသုံးပြု၍ ရေးဖွဲ့ကြသည်။ ထိုယူနစ်တို့ကို အသုံးပြုရာတွင် စကား အဆက်အစပ်အရ တင်စားကာ အနက်ချဲ့ထွင်ရေးဖွဲ့လေ့ရှိသည်ကို တွေ့ရသည်။ တေးရေးဆရာ တို့သည် တေးသီချင်းများကို ရေးဖွဲ့ရာတွင် အာရုံငါးပါး ခံစားမှုတို့ဖြင့် လည်းကောင်း၊ အရာဝတ္ထုတို့ဖြင့် လည်းကောင်း၊ အဖြစ်အပျက် အပြုအမူ တို့ဖြင့် လည်းကောင်း တင်စားကာ အနက်ချဲ့ထွင် ရေးဖွဲ့ထားပုံတို့ကို တွေ့ရသည်။
Collections
Download
Year
- 2018
Author
-
Than Than Aye
Subject
- Myanmar Language
Publisher
- Myanmar Academy of Arts and Science (MAAS)