ကျော်စွာထက်၏ “နှုတ်ခမ်းများ” မော်ဒန်ဝတ္ထုတိုဖန်တီးပုံ လေ့လာချက်*
Abstract
- ဤစာတမ်းသည် ကျော်စွာထက်၏ “နှုတ်ခမ်းများ” မော်ဒန်ဝတ္ထုတိုဖန်တီးပုံကို လေ့လာတင်ပြထားသော စာတမ်း တစ်စောင် ဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် မော်ဒန်ဝတ္ထုတို၏ သဘောလက္ခဏာများနှင့် ချိန်ထိုးကာ ဝတ္ထုဖန်တီးမှု အတတ်ပညာကို ချဉ်းကပ်လေ့လာတင်ပြထားခြင်းဖြစ်ပါသည်။ သမားရိုးကျ ဝတ္ထုတိုများတွင် ပါဝင်လေ့ရှိသော ဝတ္ထု အင်္ဂါရပ်များထက် အတွေးအမြင်ကို ဦးစားပေးဖော်ကျူး လေ့ရှိသည့် ခေတ်ပေါ်မော်ဒန်ဝတ္ထုတို ဖန်တီးမှုကို ရိပ်မိနိုင်ပါသည်။ ထို့ပြင် မော်ဒန်ဝတ္ထုတိုတစ်ပုဒ် ဖန်တီးရာတွင် လိုအပ်သော ဖန်တီးမှုသဘောတရားများကိုလည်း သိမြင်လေ့လာနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2022
Author
-
Aye Su Nyein
Subject
- Myanmar, Geography, History, Anthropology, Law
Publisher
- Myanmar Academy of Arts and Science (MAAS)