လူမှုကွန်ရက်ပေါ်တွင် လူငယ်များသုံးသော စကားလုံးများကို လေ့လာခြင်း
Abstract
- မြန်မာဘာသာစကားသည် ရှင်သန်လျက်ရှိသည့် ဘာသာစကားဖြစ်သည့်အလျောက် စကားလုံး အသစ်များ၊ အနက်အဓိပ္ပာယ်အသစ်များ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည်။ ဤစာတမ်းသည် လူမှုဘာသာဗေဒ နယ်ပယ်မှ လေ့လာထားခြင်းဖြစ်သည်။ လူမှုကွန်ယက်ပေါ်တွင် လူငယ်များသုံးနေသော စကားလုံးများကို လေ့လာရာတွင် စကားလုံးအသစ်တီထွင်ခြင်း၊ အတိုကောက်အသုံးပြုခြင်း၊ အနက်ချဲ့ထွင်ခြင်း၊ ပေါင်းစပ်ခြင်းတို့ဖြင့် လေ့လာခြင်းဖြစ်သည်။ လူမှုကွန်ယက်ပေါ်တွင် လူငယ်အချင်းချင်း အပြန်အလှန် ပြောသော စကားလုံးများ၏အနက်အဓိပ္ပာယ်နှင့် စကားလုံးများ၏ လုပ်ငန်းတာ၀န်များကို လေ့လာလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာထားသော စာတမ်းဖြစ်သည်။
Collections
Download
Year
- 2022
Author
-
Khin Thandar Kyaw
Subject
- Myanmar, Geography, History, Anthropology, Law
Publisher
- Myanmar Academy of Arts and Science (MAAS)