မြန်မာ့ရုပ်သေးသဘင်ဆိုင်ရာ ဓလေ့သုံးစကားများ*
Abstract
- ဤစာတမ်းသည် မြန်မာတို့ပြောဆိုသုံးစွဲနေသော ရုပ်သေးသဘင်ဆိုင်ရာ ဓလေ့သုံး စကားများ၏ နောက်ကွယ်တွင် တိမ်မြုပ်နေသည့် ရိုးရာဓလေ့များကို သုတေသနပြု ဖော်ထုတ်မည့် စာတမ်းဖြစ်ပါသည်။ အလေ့လာခံ ရုပ်စုံသဘင်ဆိုင်ရာ ဓလေ့သုံးစကား များသည် တင်စားသုံးစွဲ ထားသော ဥပစာစကားလုံးများ ဖြစ်ပါသည်။ ဓလေ့သုံးစကား များ၏ တင်စားမှုအနက်ကို အတ္ထဗေဒရှုထောင့်မှလေ့လာ ဖော်ထုတ်ခြင်းဖြင့် နောက်ကွယ်ရှိ ရိုးရာဓလေ့တို့အား ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ဓလေ့သုံးစကားများသည် ဘာသာစကား တစ်ခု၏ အဆင့်အတန်းနှင့်အတူ ယင်းဘာသာစကားကို ပြောဆိုသုံးစွဲနေသော နိုင်ငံသားတို့၏ ဓလေ့ရိုးရာ ကိုလည်း ဖော်ပြနေပါသည်။ ရုပ်စုံသဘင်ဆိုင်ရာ ဓလေ့သုံးစကားများသည် လူသုံးနည်းသော ဝေါဟာရများ ဖြစ်သည်။ အသုံးနည်းသော ဝေါဟာရတစ်ခုသည် ပျောက်ကွယ်သွား နိုင်ပါသည်။ ဘာသာစကား ပျောက်ကွယ်သွားလျှင် ရိုးရာဓလေ့တို့နှင့်အတူ လူမျိုးလည်း ပျောက်ကွယ်သွားနိုင်ပါသည်။ ဤအချက်ကို အဓိကပြဿနာ တစ်ရပ်အဖြစ် ဖြေရှင်းနိုင်ရန် အတ္ထဗေဒရှုထောင့်မှ စနစ်တကျ သုတေသနပြုခြင်း ဖြစ်ပါသည်။
Collections
Download
Year
- 2022
Author
-
Soe Soe Naing
Subject
- Myanmar, Geography, History, Anthropology, Law
Publisher
- Myanmar Academy of Arts and Science (MAAS)