ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တောင်ရိုးမော်အေးခြင်း
Abstract
- ဤသုတေသနစာတမ်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တောင်ရိုးလူမျိုးများ၏ မော်အေးခြင်းကို စာပေရှုထောင့်ဖြင့် လေ့လာတင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံ နှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များနှင့်ပတ်သက်သည့် ဖွင့်ဆိုချက်များ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်အမျိုးအစားများကို ဖော်ပြထားပါသည်။ ထို့နောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော တောင်ရိုးမော်အေးခြင်းကို ဆက်လက်တင်ပြထားပါသည်။ အဆိုပါ မော်အေးခြင်းသည် တိမ်မြုပ်ပျောက်ကွယ်စပြုလာပြီ ဖြစ်ပါသည်။ မော်အေးသည့် မော်ဆရာ အချင်းချင်း ကြီးသူမှငယ်သူသို့ နှုတ်တိုက်လက်ဆင့်ကမ်း သင်ကြားပေးခြင်းသာ ရှိပါသည်။ မော်အေးခြင်းသည် စာဟောခြင်းတစ်မျိုးဖြစ်ပါသည်။ မော်အေးမည့် မော်ဆရာသည် မတ်တပ်ရပ်လျက် နှုတ်အသံဖြင့် သာမက ခြေဟန်လက်ဟန်တို့ဖြင့် နားထောင်သူ ပရိသတ်စိတ်ဝင်စားမှု ရှိစေရန်၊ ရသခံစားမှုရှိစေရန် သရုပ်ဆောင် ဟောပြောရပါသည်။ မော်အေးခြင်း အမျိုးအစားများစွာရှိပါသည်။ ဗုဒ္ဓဝင်နိပါတ်တော်လာ မော်အေးခြင်း၊ သမိုင်းရာဇဝင်လာ မော်အေးခြင်း၊ ဒဏ္ဍာရီပုံပြင်လာ မော်အေးခြင်းနှင့် မယ်ဘွဲ့မောင်ဘွဲ့ မော်အေးခြင်း တို့ဖြစ်ကြသည်။ အဆိုပါ တောင်ရိုးလူမျိုးများ၏ မော်အေးခြင်းနှင့်မော်စာတို့သည် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်စေပါသည်။
Collections
Download
Year
- 2022
Author
-
Win Naing Oo
Subject
- Myanmar, Geography, History, Anthropology, Law
Publisher
- Myanmar Academy of Arts and Science (MAAS)