မြန်မာ့လူမှုဆက်ဆံရေးတွင် ညွှန်းခေါ်စကားများ၏ အခန်းကဏ္ဍ
Abstract
- ဤစာတမ်းသည် မြန်မာ့လူမှုဆက်ဆံရေးတွင် ညွှန်းခေါ်စကားများသည် အခန်းကဏ္ဍတစ်ခု အနေဖြင့် အရေးပါကြောင်း လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့ လေ့လာရာတွင် လူမှုဘာသာ ဗေဒပညာရပ် နယ်ပယ်ကို အခြေခံ၍ လေ့လာတင်ပြထားပါသည်။ ညွှန်းခေါ်စကားများကို တင်ပြရာတွင် မြန်မာဘာသာစကားရှိ ဆွေမျိုးစပ်ညွှန်းခေါ်စကားများနှင့် လူမှုညွှန်းခေါ်စကားများ၏ ကျယ်ပြန့်စွာ အသုံးပြုမှုကို အဓိကထား၍ တင်ပြထားပါသည်။ မြန်မာဘာသာစကားတွင် ညွှန်းခေါ်စကားများသည် မြန်မာ့လူမှုအဆင့်အတန်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာရေး စသော လူမှုဆက်ဆံရေးတို့၌ အရေးပါကြောင်း သိရှိစေရန် ရည်ရွယ်ပါသည်။ ဤစာတမ်းကို လေ့လာခြင်းဖြင့် မြန်မာဘာသာစကားကို အသုံးပြုသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာစကားကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် လူမှုဆက်ဆံရေး ချောမွေ့စေနိုင်မည့် အကျိုးကျေးဇူးကိုရရှိစေနိုင်ပါမည် ။
Collections
Year
- 2022
Author
-
Wint War War Hlaing
Subject
- Myanmar, Geography, History, Anthropology, Law
Publisher
- Myanmar Academy of Arts and Science (MAAS)