နေမျိုးနာဋကကျော်ခေါင်၏ ရာမပြဇာတ်တော်ကြီးတွင် တွေ့ရသော ရာမ၊ သီတာ၊ ဒသဂီရိ ဇာတ်ဆောင်စရိုက်အဖွဲ့များ ဖန်တီးတင်ပြထားပုံ
Abstract
- ဤစာတမ်းသည် မြန်မာရာမစာပေ တစ်ပုဒ်ဖြစ်သော နေမျိုးနာဋကကျော်ခေါင်၏ ရာမပြဇာတ်တော်ကြီးကို အခြေခံ၍ ဇာတ်ဆောင်စရိုက်အဖွဲ့ ဖန်တီးတင်ပြ ထားပုံများကို လေ့လာမည့်စာတမ်း ဖြစ်ပါသည်။ ရာမပြဇာတ်တော်ကြီးတွင် စာဆို နေမျိုးနာဋကကျော်ခေါင်က ရာမ၊ သီတာ၊ ဒသဂီရိတို့၏ ဇာတ်ဆောင် စရိုက်အဖွဲ့များကို မည်သို့ဖန်တီးတင်ပြထားပုံ၊ စိတ်ကူးဖြင့် မွမ်းမံထားပုံ၊ စကားအသုံးအနှုန်းတို့ဖြင့် ပေါ်လွင်အောင် ခြယ်မှုန်းထားပုံတို့ကို ဖော်ထုတ် တင်ပြမည် ဖြစ်ပါသည်။ ဇာတ်ဆောင်သုံးဦး၏ စရိုက်အဖုံဖုံကို စာဆို၏ ဖန်တီးတင်ပြပုံ မှတစ်ဆင့် လေ့လာသုံးသပ်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Khin Nyo Aung
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)