ဆရာကျော်ရင်မြင့်၏ဝတ္ထုတိုများမှသရော်ဟန်
Abstract
- ဤစာတမ်းသည် ဆရာကျော်ရင်မြင့်၏ဝတ္ထုတိုများမှ သရော်ဟန်ကို လေ့လာ တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ လူ့လောကကြီး၏ အမြီးအမောက် မတည့်သည့် ဖြစ်ရပ်များကို ပြုပြင်စေလိုသောသဘောဖြင့် ရေးသားထားသော သရော်စာ၏အစွမ်းကို ဖော်ထုတ်တင်ပြလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤစာတမ်းတွင် ဆရာကျော်ရင်မြင့်၏ ဝတ္ထုတိုများကို အလေ့လာခံအဖြစ် အသုံးပြုထားပါသည်။ သရော်စာလေ့လာမှုဆိုင်ရာ နည်းစနစ်များဖြင့် သုတေသနပြု ထားပါသည်။ လောကသဘာဝ၊ လူ့သဘာဝ သရော်ဟန်များနှင့် ခေတ်ကို ထင်ဟပ်သော သရော်ဟန်များကို လေ့လာတင်ပြထားပါသည်။ မြန်မာစာပေ နယ်ပယ်ရှိ သရော်စာအရေးအဖွဲ့ကို လေ့လာလိုသူများအတွက် အကျိုးကျေးဇူး ရရှိစေနိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Nilar Aye
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)