မင်းထိပ်ဦးနေဧချင်းမှ စာဆိုဝန်ကြီးပဒေသရာဇာ၏ထွင်ဉာဏ်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်ရှိ ရှေးကဗျာကဏ္ဍတွင် ပါဝင်သော မင်းထိပ်ဦးနေဧချင်းမှ စာဆို ဝန်ကြီးပဒေသရာဇာ၏ ထွင်ဉာဏ်ကို လေ့လာ တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ အစဉ်အလာ ဧချင်းအဖွဲ့များနှင့် ကွဲပြားစွာ ဖွဲ့စပ်ထားသည့် စာဆိုဝန်ကြီးပဒေသရာဇာ၏ မင်းထိပ်ဦးနေ ဧချင်းကို အလေ့လာခံအဖြစ် သတ်မှတ်၍ စာဆို၏ထွင်ဉာဏ်ကို ဆန်းစစ် တင်ပြထားပါသည်။ ဤစာတမ်းကို အခန်း(၃)ခန်း ခွဲ၍ တင်ပြထားပြီး မင်းထိပ်ဦးနေ၏ ခမည်းတော်အဖွဲ့များ၊ မယ်တော်အဖွဲ့များတွင် လောကသဘာဝ၊ လူ့သဘာဝသရုပ်တို့ကို များစွာထင်ဟပ်ဖွဲ့ဆိုထားကြောင်း တွေ့ရှိရပါသည်။ စာဆို ဝန်ကြီးပဒေသရာဇာသည် ဘုရင်၏ ဘုန်းလက်ရုံးကို အလှိုင်းတကြီး ချီးမြှောက်ဖွဲ့ဆိုလေ့ရှိသည့် ဧချင်း ဟူသော ကဗျာပုံသဏ္ဌာန်တွင်ပင် လောက အမူအရာ၊ လူ့အမူအရာတို့ကို ဦးစားပေးဖွဲ့ဆိုထားကြောင်း တွေ့ရှိနိုင်ပြီး စာဆို၏ အရေးအဖွဲ့စွမ်းရည် ထူးခြားမှုကို လေ့လာလိုသူတို့အတွက် အထောက်အကူ ပြုနိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Min Min Than
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)