ကဗျာစာဆိုနှင့် အလှတရား
Abstract
- ဤစာတမ်းသည် ကဗျာကောင်း၊ ကဗျာလှကို ရေးဖွဲ့ရာ၌ စာဆို၏စိတ်အလှ၏ အရေးပါမှုကို တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ကဗျာစာဆိုနှင့် အလှတရား စာတမ်းတွင် လူတို့၏စိတ်ကို ပြုပြင်အလှဆင်နိုင်သော ကဗျာကို ရေးဖွဲ့သူ စာဆိုတို့သည် စိတ်ကောင်းကို အခြေခံရပါသည်။ စိတ်ကောင်းကိုအခြေခံ၍ စိတ်ကူးဉာဏ်ဖြင့် မွမ်းမံပြီးလျှင် ဘဝသတိ ဘဝအသိ ရလာအောင် ရေးဖွဲ့ ရသည့် အကြောင်းများကို ရှင်းလင်းတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁)၌ ကဗျာစာဆိုနှင့် အလှတရား၊ အခန်း(၂)တွင် မင်းသုဝဏ်၏ ကဗျာ(၃)ပုဒ်မှ စိတ်အလှ၊ စာအလှအကြောင်းကို ရေးဖွဲ့တင်ပြ ထားပါသည်။ စိတ်အလှ၊ စာအလှသဘောကို မင်းသုဝဏ်၏ ကဗျာ(၃)ပုဒ်နှင့် လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Mi Mi Lwin
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)