မြန်မာဝတ္ထုတိုခေါင်းစဉ်များလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာဝတ္ထုတိုခေါင်းစဉ်များလေ့လာချက် စာတမ်း ဖြစ်ပါသည်။ မြန်မာဝတ္ထုရေးဆရာများ၏ ဝတ္ထုခေါင်းစဉ် အမည်ပေးပုံများကို ယင်းတို့ ဖန်တီးထားသည့် ဝတ္ထုစာသားများနှင့် ဆက်စပ်ကာ အမျိုးအစား ခွဲခြား လေ့လာ တင်ပြထားပါသည်။ ထိုသို့ ခွဲခြားရာတွင် ဇာတ်ဆောင်အမည်များဖြင့် ခေါင်းစဉ်ပေးပုံ၊ ဇာတ်လမ်းကိုအခြေခံ၍ ခေါင်းစဉ်ပေးပုံ၊ ကာလဒေသ နောက်ခံကိုအခြေခံ၍ ခေါင်းစဉ်ပေးပုံ၊ အာဘော်ကိုအခြေခံ၍ ခေါင်းစဉ်ပေးပုံ၊ အလင်္ကာတင်စားမှု စကားသုံး၍ ခေါင်းစဉ်ပေးပုံ၊ သင်္ကေတနိမိတ်ပုံများ အသုံးပြုပြီး ခေါင်းစဉ်ပေးပုံ ဟူ၍ အမျိုးအစားများ သတ်မှတ် လေ့လာ တင်ပြ ထားပါသည်။
Collections
Download
Year
- 2019
Author
-
Shwe Sin Aung
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)