ဖိုးကျော့၏ဆင်လုပ်သားဝတ္ထုတိုများကို ဘာသာစာပေဆက်နွှယ်မှုအမြင်ဖြင့် လေ့လာခြင်း
Abstract
- ဤစာတမ်း၏ ရည်ရွယ်ချက်မှာ ရသစာပေတစ်ရပ်ကို လေ့လာရာတွင် ဘာသာ စကားနှင့်စာပေတို့ အပြန်အလှန် အကျိုးပြုဆက်စပ်သည့်သဘော၊ ရသစာပေကောင်း တစ်ရပ်တွင် ဘာသာစကားအသုံးချမှု အရေးပါမှုသဘောတို့ကို တင်ပြလိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁)၌ ဘာသာစာပေ ဆက်နွှယ်မှုသဘောနှင့် ဝတ္ထုတိုသဘောများကို အကျဉ်းတင်ပြပါမည်။ အခန်း(၂)၌ ဖိုးကျော့၏ ဆင်လုပ်သားဝတ္ထုတိုများထဲတွင် ဆင်လုပ်ငန်းဆိုင်ရာ ဝေါဟာရ များကို နေရာတကျ ထည့်သွင်းရေးဖွဲ့ခြင်းဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များ၊ ဇာတ်ဆောင်များနှင့် ကာလဒေသနောက်ခံအဖွဲ့တို့ ပိုမိုပီပြင်၍ သဘာဝကျလာပုံ၊ ရသမြောက်လာပုံတို့ကို ဆက်စပ်လေ့လာတင်ပြမည် ဖြစ်ပါသည်။ စာပေကို လေ့လာရာတွင် ဘာသာစကားအမြင်နှင့် စာပေအမြင်တို့ကို ဆက်စပ်လေ့လာရန် လိုအပ်သည် ဟူသော အတွေးအသိကို ပေးနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။
Collections
Download
Year
- 2019
Author
-
Cho Cho
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)