ဘုရင့်နောင်မင်းတရားကြီး၏ ရွှေစည်းခုံခေါင်းလောင်းစာမှ ဘုရင့်နောင်မင်းတရားကြီး၏ စွမ်းဆောင်ချက်မှတ်တမ်း
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ် စကားပြေကဏ္ဍတွင် ပါဝင်သော ရှေးဟောင်းခေါင်းလောင်းစာကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤစာတမ်း၏ရည်ရွယ်ချက်မှာ တိမ်မြုပ်လျက်ရှိသော ရှေးဟောင်းခေါင်းလောင်းစာ များကို ဖော်ထုတ်တင်ပြလိုခြင်း ဖြစ်ပါသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ရွှေစည်းခုံခေါင်းလောင်းစာကို အလေ့လာခံအဖြစ် သတ်မှတ်၍ ခေါင်းလောင်းစာပါ အကြောင်းအရာကိုအခြေခံ၍ လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ဤစာတမ်း၌ ဘုရင့်နောင်မင်းတရားကြီး၏ နိုင်ငံရေး၊ စစ်ရေး၊ သာသနာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ စွမ်းဆောင်ချက်များကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် ဘုရင့်နောင်မင်းတရားကြီး၏ စွမ်းဆောင်ချက်များကို တိကျ ခိုင်လုံသော အထောက်အထားများနှင့် လေ့လာဖော်ထုတ် တင်ပြထားသဖြင့် ရှေးဟောင်းခေါင်းလောင်းစာများကို လေ့လာလိုသူများအတွက် အထောက်အကူ ရနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
Collections
Download
Year
- 2019
Author
-
Tin Ma Ma Naing
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)