အမတ်ကြီးဦးပေါ်ဦးလျှောက်ထုံးခေါ် ကဝိသေတ္တုမဉ္ဇူသာကျမ်း လေ့လာချက်
Abstract
- ဤစာတမ်းသည် ဦးအောင် စီရင်ရေးသားသည့် အမတ်ကြီးဦးပေါ်ဦး လျှောက်ထုံး ခေါ် ကဝိသေတ္တုမဉ္ဇူသာကျမ်းကို လေ့လာထားသော စာတမ်း ဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ရှေးပညာရှင်ကြီးများ၏ အဆိုအမိန့်များကို ကိုးကား၍ ဘိုးတော်ဘုရား မေးတော်မူသမျှကို စကားပုံ၊ စကားစဉ်တို့ဖြင့် တင်လျှောက်သော ကုန်းဘောင်ခေတ်တွင် ပေါ်ထွန်းခဲ့သော အမတ်ကြီး ဦးပေါ်ဦး၏ လျှောက်ထုံးများကို အလေ့လာခံအဖြစ် သတ်မှတ်လေ့လာပါသည်။ ဦးပေါ်ဦး၏ လျှောက်ထုံးများထဲမှ မြင်းစုဝန် ဦးမြတ်ထင်ကို ငယ်စဉ်ကပင် ထမ်းရွက်ဖူးသူဖြစ်၍ ကျေးဇူးရှိသည့်အတွက် ချီးမြှောက်ထိုက်ကြောင်းနှင့် အမတ်ကြီးဦးပေါ်ဦးက သံတော်ဦးတင်ကြောင်း လျှောက်ထုံး၊ ယိုးဒယားက ပြန်လာရသော အရေးအကြောင်းတွင် ခွေးလောင်းဖြစ်၍မကြံနိုင်ဟု သံတော်ဦး တင်ကြောင်း လျှောက်ထုံးနှင့် အမတ်ကြီးဦးပေါ်ဦးကို ရာဇဝတ်တော်နှင့် သိန္နီသို့ ပို့သည်ကို ပြဆိုခြင်းအကြောင်း လျှောက်ထုံး ၃-ခုကို အကြောင်း အရာပိုင်းနှင့် အရေးအသားပိုင်း ရှုထောင့်မှ လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
Thida Aung
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)