ရွှေဥဒေါင်း၏ ဇာတ်လမ်းဖန်တီးမှုအတတ်ပညာ
Abstract
- ဤစာတမ်းသည် ရွှေဥဒေါင်း၏ဝတ္ထုတိုများမှ ဇာတ်လမ်းဖန်တီးမှုအတတ်ပညာကို လေ့လာသော စာတမ်း ဖြစ်ပါသည်။ ရွှေဥဒေါင်း၏ဝတ္ထုတိုများထဲမှ ဓားမြှောင် နှင့်မောင်းချဓား၊ သံပရာတစ်ခြမ်း၊ မျိုးရိုးဗီဇဝတ္ထုတိုများ၏ ဇာတ်လမ်းဖန်တီးမှုကို တင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် စာဖတ်သူကို စိတ်ဝင်စားဖွယ် ဖြစ်စေရန် ဇာတ်ပျိုး၊ ဇာတ်တက်၊ ဇာတ်ထွတ်၊ ဇာတ်ဆင်း၊ ဇာတ်သိမ်းပိုင်း တို့တွင် ဇာတ်လမ်းဖန်တီးမှု နည်းစနစ်များဖြစ်သည့် ဇာတ်ပျိုးပိုင်းမှစ၍ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးတင်ပြခြင်း၊ ဇာတ်တက်ပိုင်း၌ ဇာတ်ဆောင် အချင်းချင်း အားပြိုင်မှုများသုံး၍ ဖန်တီးခြင်း၊ မြှုပ်ကွက်များကိုသုံး၍ ပရိသတ်၏ သိလိုစိတ်ကို နှိုးဆွပေးခြင်း၊ ဇာတ်ထွတ်ပိုင်းတွင်လည်း ပရိသတ်၏စိတ်ကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်ခြင်း စသည့် နည်းပရိယာယ်သုံး၍ စိတ်ဝင်စားဖွယ် ဖန်တီးထားပုံကို လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
Nwe Nwe
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)