နှောင်းတွေ့မြန်မာကျောက်စာများကို ရှုထောင့်အထွေထွေမှ လေ့လာခြင်း
Abstract
- ဤစာတမ်းသည် ပုဂံခေတ်က စတင်အသုံးပြုခဲ့ကြသော မြန်မာစကားပြေ အရေးအသားများကို ခြေခြေမြစ်မြစ် သိရှိစေရန် ရည်ရွယ်၍တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ နှောင်းတွေ့မြန်မာကျောက်စာများကို လေ့လာရာတွင် ကျောက်စာတို့၏ သဘောသဘာဝကိုအခြေခံ၍ နှောင်းတွေ့မြန်မာကျောက်စာ (၃)ချပ်ကို အလေ့လာခံအဖြစ် သတ်မှတ်လေ့လာထားပါသည်။ ဤစာတမ်းတွင် အကြောင်းအရာပိုင်းလေ့လာခြင်း၊ အရေးအသားပိုင်းလေ့လာခြင်းနှင့် ဝေါဟာရ အသုံးအနှုန်းများကိုလေ့လာတင်ခြင်း ဟူ၍ အပိုင်း(၃)ပိုင်း ခွဲ၍ တင်ပြထား ပါသည်။ အကြောင်းအရာပိုင်းတွင် ပုဂံခေတ်သာသနာရေး၊ လူမှုရေး၊ စီးပွားရေး တို့ကို လေ့လာတင်ပြထားပါသည်။ အရေးအသားပိုင်းတွင် စကားသုံးနှုန်း၊ ရေးဟန်၊ ဝါကျအသုံးတို့ကို ဖော်ထုတ်ပြီး ဝေါဟာရအသုံးအနှုန်းများတွင် ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်တို့ကို တင်ပြထားပါသည်။ ဤစာတမ်းပါ လေ့လာချက်များသည် မြန်မာစာပေကို စတင်အသုံးပြုခဲ့ကြသော ရှေးမြန်မာ တို့၏ စာပေစွမ်းရည်ကို ခြေခြေမြစ်မြစ် သိရှိစေရန်နှင့် မြန်မာစာပေကို လေ့လာလိုသူများအတွက် အထောက်အကူပြုနိုင်စေရန် ရှာဖွေဖော်ထုတ်ထား ပါသည်။
Collections
Download
Year
- 2019
Author
-
Kyi Kyi Khaing
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)