မင်းယုဝေ၏ အတွေးအမြင်ကဗျာများ လေ့လာချက်
Abstract
- ဤစာတမ်းသည် ]မင်းယုဝေ၏ အတွေးအမြင်ကဗျာများ လေ့လာချက်} စာတမ်း ဖြစ်ပါသည်။ ထိုစာတမ်းတွင် မင်းယုဝေ၏ အိမ်ပြန်ချိန်ကဗျာများထဲမှ အတွေးအမြင်ပါသော ကဗျာနှင့်ထိုကဗျာကို ဖန်တီးရေးဖွဲ့ရာ၌ အသုံးပြုသည့် အတွေးစိတ်ကူးများကို လေ့လာတင်ပြထားပါသည်။ ကဗျာ့စိတ်ကူးကြောင့် ကဗျာဆရာ တင်ပြလိုသော အတွေးအမြင်သည် နှစ်သက်ဖွယ်ဖြစ်လာရသည့် သဘောကိုလည်း ဆွေးနွေးတင်ပြထားပါသည်။ ဤစာတမ်းတွင် အခန်း(၁)၌ စာရေးဆရာ၏အတ္ထုပ္ပတ္တိ၊ အခန်း(၂)၌ ကဗျာ့သဘော၊ အခန်း(၃)၌ မင်းယုဝေ၏ ကဗျာများအပေါ် စာပေပညာရှင်များ၏အမြင်နှင့် သုံးသပ်ချက်၊ အခန်း(၄)၌ မင်းယုဝေ၏ အတွေးအမြင်ကဗျာများလေ့လာချက်တို့ ပါဝင်ပါသည်။ ကဗျာ များကို လေ့လာသည့်အခန်း၌ ]ကျွန်ုပ်တွေ့သောကဗျာတစ်ပုဒ်}၊ ]မအိုသူများ}၊ ]အတွယ်အတာ} နှင့် ]ကစားကြပါစေ} လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
San Myint
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)