တွင်းသင်းရာဇဝင်သစ်မှ စကားအသုံးအနှုန်းများ
Abstract
- ဤစာတမ်းသည် တွင်းသင်းရာဇဝင်သစ်မှ စကားအသုံးအနှုန်းများကို လေ့လာ တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ထိုသို့တင်ပြရာ၌ အခန်း(၁)၌ ရာဇဝင်၏သဘော၊ အခန်း(၂)၌ တွင်းသင်းမင်းကြီးဦးထွန်းညို၏ တွင်းသင်း မြန်မာရာဇဝင်သစ်၊ အခန်း(၃)၌ ရာဇဝင်စကားပြေနှင့်လိုက်ဖက်သော စကား အသုံးအနှုန်းများကို လေ့လာတင်ပြထားပါသည်။ စကားအသုံးအနှုန်းများတွင် ကျစ်ကျစ်လျစ်လျစ်နှင့် ဆိုလိုချက်ကို လေးနက်စေသော အသုံးများ၊ ယခုခေတ်နှင့် မတူသော အသုံးထူးများကို လေ့လာတင်ပြထားပါသည်။ ရာဇဝင်ကျမ်း များစွာ ရှိသည့်အနက်မှ တွင်းသင်းမင်းကြီး၏ တွင်းသင်းမြန်မာရာဇဝင်သစ်မှ အကြောင်း အရာနှင့် လိုက်ဖက်ပြီး ထူးခြားသော အသုံးအနှုန်းများကို သုတေသနပြု၍ လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
Zin Mar Khaing
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)