ဦးသန့်၏လမ်းညွှန်မှုဆိုင်ရာဆောင်းပါးများလေ့လာချက်
Abstract
- ဤစာတမ်းသည် ဦးသန့်၏ လမ်းညွှန်မှုဆိုင်ရာဆောင်းပါးများကို လေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ဦးသန့်လက်ရွေးစင်စာများမှ လူကြီးနှင့် လူငယ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ဆင်ခြင်တုံတရား၊ လူငယ်နှင့်ကျွန်တော် ဆောင်းပါး (၃)ပုဒ်ကို အလေ့လာခံအဖြစ်ထားကာ တင်ပြထားပါသည်။ ထိုသို့ တင်ပြရာတွင် အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းဟူ၍ ပိုင်းခြားထား ပါသည်။ အကြောင်းရာပိုင်းတွင် စာရေးသူ၏စေတနာကို လေ့လာတင်ပြထား ပါသည်။ အရေးအသားပိုင်းတွင် စကားအသုံးအနှုန်းနှင့် ဝါကျအသုံးပြုမှု အတတ်ပညာ ကျွမ်းကျင်ကောင်းမွန်ပုံတို့ကို တင်ပြထားပါသည်။ မြန်မာလူမျိုး၊ မြန်မာလူငယ်များ အတွေးအမြင်မှန်ကန်စေလိုသော စာရေးသူ၏စေတနာနှင့် ရေးဖွဲ့တင်ပြပုံတို့ကို သိမြင်နိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Aye Aye San
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)