သုံးကြောင်းကဗျာများမှ ကဗျာဝါကျ
Abstract
- ဤစာတမ်းတွင် သုံးကြောင်းကဗျာများမှ ကဗျာဝါကျကို လေ့လာတင်ပြထား ပါသည်။ ကဗျာဝါကျသည် ရေးဟန်ပညာ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ စကားပြေတွင် ဝါကျရှိသကဲ့သို့ ကဗျာတွင်လည်း ဝါကျရှိပါသည်။ ကဗျာဝါကျ များတွင် ဖွဲ့ထုံးစည်းကမ်းအတိုင်း ဖွဲ့လေ့ရှိသကဲ့သို့ ဖွဲ့ထုံးစည်းကမ်းနှင့်လည်း သွေဖည်ကာ ရေးဖွဲ့လေ့ရှိပါသည်။ ကဗျာများမှ ဝါကျအဖွဲ့များသည် ကဗျာ ဆရာ၏ ဦးတည်ချက်နှင့် ကဗျာ့အကြောင်းအရာကို ပေါ်လွင်စေရန် မည်သို့ အထောက်အပံ့ပြုနေကြောင်း လေ့လာတင်ပြထားပါသည်။ ထိုသို့လေ့လာခြင်းဖြင့် ကဗျာလေ့လာမှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယူဆမိပါသည်။
Collections
Download
Year
- 2019
Author
-
Aye Su Nyein
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)