မလေးလုံ၏ ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည်အတ္ထုပ္ပတ္တိမှ ဝတ္ထုဟန် အတ္ထုပ္ပတ္တိအရေးအသား
Abstract
- ဤစာတမ်းတွင် စာရေးသူ မလေးလုံသည် ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် အတ္ထုပ္ပတ္တိကို ဝတ္ထုဟန်ဖြင့် ရေးသားထားသည်ကို လေ့လာတင်ပြရန် ရည်ရွယ်ပါသည်။ စာရေးသူသည် ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာတွင် ဆရာကြီး၏ ဘဝအမှောင်ပိုင်း၊ အလင်းပိုင်း နှစ်မျိုးစလုံးကို ရသ မြောက်အောင် သရုပ်ဖော်ထားပါသည်။ ထို့ကြောင့် ဤစာတမ်းတွင် ဝတ္ထုဟန် အတတ်ပညာပါဝင်မှု၊ ဝတ္ထုဟန်အရေးအသားပါဝင်မှုတို့နှင့် ချိန်ထိုးလေ့လာ တင်ပြသွားပါမည်။ ထိုသို့ လေ့လာခြင်းဖြင့် ဖေမောင်တင် (သို့မဟုတ်) ဘသက်ရှည် ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စကားပြေသည် မြန်မာစာပေသမိုင်းအတွက် အကျိုးပြုရုံ သာမက ကြည်ညိုလေးစားဖွယ်ကောင်းသော စာပေပညာရှင်တစ်ဦး၏ ဘဝကို အားကျ အတုယူဖွယ်ဖြစ်အောင် ရေးသားတင်ပြထားသည်ကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Tin Mi Mi Naing
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)