အစိန္တေယျဝတ္ထုလေ့လာချက်
Abstract
- ဤစာတမ်းသည် ညောင်ရမ်းခေတ်တွင် ဒုတိယတောင်ဖီလာဆရာတော် အရှင်ဂုဏရံသာလင်္ကာရ ရေးသားခဲ့သော အစိန္တေယျဝတ္ထုကို အကြောင်းအရာပိုင်း၊ အရေးအဖွဲ့ပိုင်းမှ လေ့လာထားသော စာတမ်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) ညောင်ရမ်းခေတ် ဝတ္ထုစကားပြေများ၊ အခန်း(၂) အစိန္တေယျဝတ္ထု လေ့လာချက်တို့ ပါဝင်ပါသည်။ အစိန္တေယျဝတ္ထုစကားပြေကို လေ့လာတင်ပြ ရာ၌ ဝတ္ထုတွင်ပါဝင်သော ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်နေသော ဗဟုသုတ အမျိုးမျိုးအကြောင်းနှင့် ဗုဒ္ဓဘုရားရှင်၏ ဇာတ်ဝတ္ထုတို့ကို တင်ပြထားပါသည်။ အရေးအဖွဲ့ပိုင်းတွင်မူ အစိန္တေယျဝတ္ထုတွင်ပါဝင်သော စာပိုဒ်များကို ထုတ်နုတ် ဖော်ပြပြီးလျှင် စကားလုံးအသုံးအနှုန်း၊ ဝါကျ၊ စာပိုဒ်တို့ကို လေ့လာတင်ပြ ထားပါသည်။
Collections
Download
Year
- 2019
Author
-
Thin Thin
Subject
- Myanmar (Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)