အသုံးနည်းလာသည့် တောင်သမန်ရွာမှ အရပ်သုံးစကားများ
Abstract
- ဤစာတမ်းသည် မြန်မာစကားပြောနယ်ရှိ အရပ်သုံးကဏ္ဍလာ အသုံးနည်း လာသည့် တောင်သမန်ရွာ အရပ်သုံးစကားများ လေ့လာချက်စာတမ်း ဖြစ်ပါသည်။ ဤစာတမ်း၏ရည်ရွယ်ချက်မှာ အသုံးနည်းလာသည့် တောင်သမန် အရပ်သုံးစကားများကို မပျောက်ကွယ်မီ အချိန်မီ မှတ်တမ်းတင်လိုရင်း ဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် လူတွေ့မေးမြန်းခြင်းနည်းကို အဓိက ထား၍ ချဉ်းကပ်ကာ လေ့လာထားပါသည်။ ဤစာတမ်းကို ပြုစုရာတွင် တောင်သမန် စကားသုံး နာမ်စကားလုံးများနှင့် ကြိယာစကားလုံးများကို အလေ့လာခံအဖြစ် သတ်မှတ်ထားပါသည်။ ဤသို့လေ့လာခြင်းဖြင့် အသုံးနည်း လာသော တောင်သမန်အရပ်သုံးစကားများ ကွယ်ပျောက်လာတော့မည့် အခြေအနေကို တွေ့ရှိလာရပါသည်။ ဤစာတမ်းသည် ရတနာပုံတက္ကသိုလ် အနီးရှိ တောင်သမန်စကား လေ့လာသူတို့အတွက် အထောက်အကူပြု နိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Myint Hlaing
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)