မြန်မာဘာသာစကားရှိ နာမဝိသေသနစစ်စစ်ပြဿနာ
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကား၌ နာမဝိသေသနစစ်စစ် ရှိ မရှိ ဘာသာဗေဒ ရှုထောင့်မှ လေ့လာတင်ပြထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာစကားကို လေ့လာကြသော ပညာရှင်များတွင် မြန်မာဘာသာစကား၌ နာမဝိသေသန စစ်စစ် မရှိဟု တစ်ထစ်ချယုံကြည်သူများရှိသကဲ့သို့ မြန်မာဘာသာစကား၌ နာမဝိသေသနစစ်စစ် ရှိနိုင်သည်ဟု ယုံကြည်လက်ခံထားသူများလည်း ရှိပါသည်။ ဤအချက်သည် မြန်မာဘာသာစကား၏ ဝါစင်္ဂအမျိုးအစားနှင့် အရေအတွက် သတ်မှတ်ချက်အတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေပါသည်။ ယင်းပြဿနာနှင့် ပတ်သက်၍ လေ့လာတင်ပြအဖြေရှာကြည့်ရန် ဤစာတမ်းကို တင်သွင်းခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ပထမပိုင်း၌ ဝါစင်္ဂပြဿနာများထဲမှ နာမဝိသေသန စစ်စစ် ပြဿနာအကြောင်းကို တင်ပြမည်ဖြစ်ပြီး ဒုတိယပိုင်း၌ နာမဝိသေသန သတ်မှတ်ချက်များနှင့် ချိန်ထိုး၍ မြန်မာဘာသာစကား၌ နာမဝိသေသန စစ်စစ် ရှိ မရှိ အဖြေရှာ ဖော်ထုတ်ကြည့်မည် ဖြစ်ပါသည်။ ယင်းပြဿနာကို အဖြေရှာခြင်းဖြင့် မြန်မာဘာသာစကား၏ သဘောလက္ခဏာတစ်ရပ်ကို တင်ပြ နိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Khin Mar Swe
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)