မြန်မာဘာသာစကားပညာရှင် ဆရာဇော်ဂျီ
Abstract
- ဤစာတမ်းသည် ]မြန်မာဘာသာစကားပညာရှင် ဆရာဇော်ဂျီ} အကြောင်း ဖြစ်ပါသည်။ ဆရာဇော်ဂျီဟု ဆိုလိုက်လျှင် ကဗျာစာဆိုကြီးတစ်ဦးအဖြစ် လည်းကောင်း၊ မြန်မာစာပေပညာရှင်ကြီးတစ်ဦးအဖြစ် လည်းကောင်း သိရှိကြ သဖြင့် မြန်မာဘာသာစကားပညာရှင်ကြီး တစ်ဦးလည်း ဖြစ်ကြောင်း သိရှိကြ စေရန် ရည်ရွယ်၍ ပြုစုရခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ဆရာဇော်ဂျီ ရေးသားပြုစုခဲ့သော ရသစာပေအဖွင့်၊ ရသစာပေအဖွင့်နှင့်နိဒါန်း၊ ရသစာပေ သဘောစသည့် စာအုပ်စာပေတို့ကို အလေ့လာခံနယ်ပယ်များအဖြစ် သတ်မှတ် ပါသည်။ ဆရာဇော်ဂျီသည် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်စသည့် စာပေများကို ဖန်တီးရေးဖွဲ့ရာတွင် မြန်မာဘာသာစကား၏ အစွမ်းသတ္တိကို ထိရောက် ထက်မြက်စွာ အသုံးပြုရေးသားပြုစုခဲ့သော ဘာသာစကားပညာရှင်ကြီး တစ်ဦး ဖြစ်ကြောင်း ဘာသာစကားရှုထောင့်မှ လေ့လာတင်ပြပါမည်။ ဤစာတမ်းပါ တင်ပြချက်တို့သည် ဆရာဇော်ဂျီ ရေးသားပြုစုခဲ့သော စာပေတို့တွင် ထင်ဟပ် ပါရှိနေသော မြန်မာဘာသာစကားဆိုင်ရာ အတွေးအမြင် အယူအဆတို့ကို ဖော်ထုတ်ဂုဏ်ပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Tin Myo Han
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)