မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီဒေသိယစကား
Abstract
- ဤစာတမ်းသည် စံဘာသာစကား၏ အသွင်ကွဲတစ်မျိုးအဖြစ် ရှိနေသော မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီတို့၏ ဒေသိယစကားကို လေ့လာထားသော စာတမ်း ဖြစ်ပါသည်။ ဘာသာစကားကို မှတ်တမ်းထားလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာထားပါသည်။ ထိုသို့ လေ့လာရာတွင် ရှမ်းနီတို့ အများဆုံးနေထိုင်သော မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီတို့၏ အပြောစကားများကို အလေ့လာခံ အဖြစ် သတ်မှတ်ကာ လေ့လာပါသည်။ ဤစာတမ်းပါ တင်ပြချက်များသည် ဒေသိယစကားကို လေ့လာထားသော စာအုပ်စာတမ်းများ ဘာသာစကား ပညာရှင်များ၏ နည်းနာများကို အခြေခံကာ တင်ပြထားချက်များ ဖြစ်ပါသည်။ ဒေသိယစကားကို လေ့လာသူများအတွက် တစ်စုံတစ်ရာ အကျိုးကျေးဇူး ရရှိနိုင်မည် ဖြစ်ပါသည်။
 
Collections
Download
Year
- 2019
 
Author
- 
							Khin Mar Aung
 
Subject
- Myanmar (Language + Literature)
 
Publisher
- Myanmar Academy of Arts and Science (MAAS)