ဝေါဟာရတ္ထပကာသနီကျမ်းမှ အတ္ထဗေဒ၏ရှေ့ပြေးသီအိုရီများကို စိစစ်တင်ပြခြင်း
Abstract
- ကုန်းဘောင်ခေတ်၏ ဘာသာစကားကျမ်းတစ်စောင်ဖြစ်သော ]ဝေါဟာရတ္ထ ပကာသနီကျမ်း}သည် ဝေါဟာရအဖွင့်ကျမ်း တစ်စောင် ဖြစ်ပါသည်။ ရေးသား ပြုစုသူမှာ ]ဒုတိယကျော်အောင်စံထားဆရာတော်} ဟု ထင်ရှားသော အရှင်ဂုဏာစာရ ဖြစ်ပြီး ဆရာတော်သည် မြန်မာဝေါဟာရတို့ကို အနက်ဖွင့်ဆိုရင်း အနက် အဓိပ္ပာယ်ဆိုင်ရာ သဘောတရား အယူအဆများကို ထည့်သွင်းဖော်ပြထားရာ ယနေ့ခေတ် ပညာရှင်အများစု ဖော်ထုတ်တင်ပြထားသည့် အတ္ထဗေဒသီအိုရီ များသည် ]ဝေါဟာရတ္ထပကာသနီကျမ်း}တွင် စုစည်းပါရှိနေကြောင်း လေးစားဖွယ် တွေ့ရှိရသည်။ ဤစာတမ်းသည် ဝေါဟာရတ္ထပကာသနီကျမ်းတွင် ပါရှိသော ခေတ်ရှေ့ပြေးနေသည့် အတ္ထဗေဒအမြင်နှင့် သဘောတရားများကို ယနေ့ခေတ် ပညာရှင်တို့၏ အတ္ထဗေဒသီအိုရီများနှင့် နှိုင်းယှဉ်စိစစ်၍ လေ့လာတင်ပြ ထားခြင်း ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Moe Moe
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)