မြိတ်ဒေသိယစကားနှင့် စံဘာသာစကားနှိုင်းယှဉ်လေ့လာခြင်း
Abstract
- ဤစာတမ်းသည် မြိတ်ဒေသတွင် နေ့စဉ်ပြောဆိုသုံးစွဲနေသော ဒေသိယစကားနှင့် စံစကားတို့၏ တူညီမှု၊ ကွာခြားမှုများ သိရှိစေရန် ရည်ရွယ်ပြီး လေ့လာတင်ပြ ထားပါသည်။ မြိတ်ဒေသိယစကား လေ့လာရာတွင် ဘာသာဗေဒ၏ ပညာရပ်ခွဲ ဖြစ်သော အတ္ထဗေဒ၏ အနက်အဓိပ္ပာယ်ကို အဓိကထားကာ လေ့လာတင်ပြ ထားပါသည်။ မြိတ်ဒေသိယစကားနှင့် စံစကားတို့ တစ်ထပ်တည်းတူညီနေသော ဒေသိယများ၊ အနက်တူ ရုပ်သွင်ကွဲ ဒေသိယစကားများသာမက တူညီမှု ဆက်စပ်မှုတို့ဖြင့် တင်စားထားသော ဒေသိယစကားများ၊ မြိတ်ဒေသတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော စကားလုံးများကိုလည်း စိတ်ဝင်စားဖွယ် လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် ဒေသိယစကားကို ဆက်လက် လေ့လာလိုသူတို့အတွက် တစ်စိတ်တစ်ဒေသ အထောက်အပံ့ ဖြစ်မည်ဟု ယုံကြည်မိပါသည်။
Collections
Download
Year
- 2019
Author
-
Ei Ei Htwe
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)