ပုဂံခေတ်မြန်မာကျောက်စာများတွင်တွေ့ရသောဂယက်အနက် ထင်ဟပ်နေသည့်စကားလုံးများလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေ၏ အဦးအစဖြစ်သော ပုဂံခေတ်ကျောက်စာ စကားပြေ အရေးအသားတွင် တွေ့ရသော စကားအသုံးအနှုန်းများအနက် ဂယက်အနက် ထင်ဟပ်နေသော စကားလုံးများကို အတ္ထဗေဒရှုထောင့်မှ လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် ပုဂံကျောက်စာစကားလုံးများသည် မူရင်းအနက်(အဘိဓာန်အနက်)၊ ခံစားမှုပြ အနက်တို့အပြင် ဂယက်အနက် ထင်ဟပ်မှုရှိခြင်းကြောင့် အတ္ထဗေဒရှုထောင့်မှ ချဉ်းကပ်၍ လေ့လာတင်ပြလိုပါသည်။ ဤစာတမ်းသည် ပုဂံခေတ် မြန်မာ ကျောက်စာ ဝေါဟာရများကို လေ့လာရာတွင်လည်းကောင်း၊ ဘာသာစကား ရှုထောင့်တို့ကို လေ့လာရာတွင်လည်းကောင်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2019
Author
-
Aye Aye Myint
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)