လွတ်လပ်ရေးခေတ်ဦးတွင် ပေါ်ထွန်းခဲ့သော ခေတ်နောက်ခံဝတ္ထုတိုများ
Abstract
- ဤစာတမ်းသည် လွတ်လပ်ရေးခေတ်ဦးတွင် ပေါ်ထွန်းခဲ့သော ခေတ်နောက်ခံ ဝတ္ထုတိုများကို လေ့လာတင်ပြထားသော စာတမ်း ဖြစ်ပါသည်။ လွတ်လပ်ရေး ခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်အပေါ် အခြေတည်၍ ပြည်သူ့ဘဝများကို သရုပ်ဖော်ထားသည့် ခေတ်နောက်ခံ ဝတ္ထုတိုများကို လေ့လာတင်ပြရာတွင် ခေတ်နောက်ခံအကြောင်းအရာကိုမှီး၍ ဝတ္ထုတိုများ ဖြစ်ပေါ်လာပုံ၊ ခေတ်နောက်ခံအဖွဲ့များက ဇာတ်လမ်း၊ ဇာတ်ဆောင်တို့ကို ပေါ်လွင်ထင်ရှားလာစေပြီးလျှင် ရသမြောက်အောင် ထောက်ကူပံ့ပိုးပေးပုံတို့ကို အလေးထား၍ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ အခန်း(၁)တွင် ဝတ္ထုတို နှင့်နောက်ခံအဖွဲ့ဆက်စပ်မှု၊ အခန်း(၂)တွင် လွတ်လပ်ရေးခေတ်တွင် ပေါ်ထွန်း ခဲ့သော ဗန်းမော်တင်အောင်၏ ]ရန်ကုန်မြို့ရဲ့ညတစ်ည}၊ ကျော်အောင်၏ ]ငါးကျပ်တန်တစ်ရွက်}၊ လင်းယုန်သစ်လွင်၏ ]စုန်ရေနှင့်ဆန်ရေ} ဝတ္ထုတို များကို လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Aye Thuzar
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)