ပါရာယနဝတ္ထုမှ မြန်မာဓလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များ
Abstract
- ဤစာတမ်းသည် အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသ ရေးသားတော်မူသော ပါရာယနဝတ္ထုမှ မြန်မာ့ဓလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များကို လေ့လာတင်ပြ ထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ပါရာယနဝတ္ထုမှ မြန်မာ ဓလေ့ဆိုင်ရာ အဆုံးအမများကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။ အခန်း(၁) နောက်ခံ အချက်အလက်များတွင် ရှင်မဟာသီလဝံသ ရေးသားခဲ့သော စာတော်များ၊ ပါရာယနဝတ္ထုအကျဉ်း၊ ပါရာယနဝတ္ထုဟူသည်။ အခန်း(၂) ပါရာယနဝတ္ထုမှ မြန်မာ့ဓလေ့ဆိုင်ရာ အဆုံးအမအဖွဲ့များတွင် ဘာသာရေးနှင့်ပတ်သက်သော အဆုံးအမအဖွဲ့များ၊ လူမှုရေးနှင့်ပတ်သက်သော အဆုံးအမအဖွဲ့များကို လေ့လာ တင်ပြထားပါသည်။ ဤစာတမ်းပါ အချက်အလက်များသည် မြန်မာ့ဓလေ့ ဆိုင်ရာ အဆုံးအမအဖွဲ့များ ဖော်ထုတ်လေ့လာမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Year
- 2019
Author
-
Thiri Yandana Khaing Mon Mon Thein
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)