ဆရာခင်၏ သော်ကကုမ္မာနှင့် ပဉ္စကလျာပြဇာတ် အတင်အပြလေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်အတွင်းရှိ ပြဇာတ်စာပေကဏ္ဍတွင် ပါဝင်သော ကိုလိုနီခေတ်ဦးပြဇာတ်စာပေကို အခြေခံ၍လေ့လာတင်ပြထားသည့် စာတမ်းဖြစ်ပါသည်။ ဤစာတမ်းကို တင်သွင်းရာ၌ ကြေးမုံဦးသောင်း စုစည်း ထုတ်ဝေသည့် သမိုင်းဝင်မြန်မာပြဇာတ်များစာအုပ်မှ ဆရာခင်၏ သော်ကကုမ္မာနှင့် ပဉ္စကလျာပြဇာတ်ကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ ခေတ်ကာလအကြိုက် ပေါ်ပေါက်ခဲ့သော ကိုလိုနီခေတ်ဦး ပြဇာတ်တို့၏ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံ တင်ပြပုံတို့ကို ဖော်ထုတ်လိုသည့် ရည်ရွယ်ချက် ဖြစ်ပါ သည်။ ဤစာတမ်းတွင် အခန်း(၁) ပြဇာတ်ဝေါဟာရ၊ အခန်း(၂) ကိုလိုနီ ခေတ်ဦး ပြဇာတ်သမိုင်းအကျဉ်း၊ အခန်း(၃) ဆရာခင်၏ သော်ကကုမ္မာနှင့် ပဉ္စကလျာပြဇာတ် အတင်အပြလေ့လာချက်တို့ကို လေ့လာတင်ပြထားပါသည်။ ကိုလိုနီခေတ်ဦး ပြဇာတ်စာပေလေ့လာသူတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိ နိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Thet Hnin Aye
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)