မင်းလူ၏ ဝတ္ထုတိုများမှ ဇာတ်လမ်းနှင့်ဇာတ်ဆောင် ဆက်သွယ်ဖန်တီးမှု
Abstract
- ဤစာတမ်း၏ရည်ရွယ်ချက်မှာ စာရေးဆရာမင်းလူ၏ ဝတ္ထုတိုများကို ဖန်တီးရာတွင် အသုံးပြု သော ဇာတ်လမ်းနှင့်ဇာတ်ဆောင်တို့ကိုဆက်စပ်၍ ဝတ္ထုတိုများအဖြစ် ဖန်တီးယူပုံကို လေ့လာ တင်ပြလိုခြင်းဖြစ်ပါသည်။ မင်းလူသည် ဝတ္ထုတိုများကိုရေးသားရာတွင် တိုတိုနှင့်လိုရင်း ရောက်အောင် ဖန်တီးတင်ပြလေ့ရှိပါသည်။ ထိုသို့ တင်ပြပုံကိုလေ့လာရာတွင် အဓိကဇာတ်ဆောင် တစ်ဦးဦးကိုအခြေခံ၍ ဇာတ်ဆောင်နှင့်ဇာတ်လမ်း တသားတည်းဖြစ်အောင် ဆက်စပ်ဖန်တီး ယူသည့် နည်းစနစ်ကို တွေ့ရပါသည်။ မင်းလူ၏ဝတ္ထုတိုများတွင် ဇာတ်လမ်းနှင့်ဇာတ်ဆောင်တို့ သည် တစ်ပေါင်းတစ်စည်းထဲ အတူတူရွေ့လျားပြီးလျှင် ဖွံ့ဖြိုးတိုးတတ်သွားအောင် ဖန်တီး ယူသည့်အတတ်ပညာကို လေ့လာတွေ့ရှိရသည့်အလျောက် ဇာတ်လမ်းနှင့် ဇာတ်ဆောင်တို့၏ ဆက်သွယ်ဖန်တီးမှုကို စာတမ်းပြုစုတင်ပြရခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် အလေ့လာခံ အဖြစ်မင်းလူ၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှ စာတမ်းခေါင်းစဉ်နှင့်ဆီလျော်သည့် ဝတ္တုတို (၂)ပုဒ်ကို လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Yan Nyein Paing
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)