အမိန့်တော်ပြန်တမ်းများမှ မြန်မာစာပေထိန်းသိမ်းမှုဆိုင်ရာများ
Abstract
- ဤစာတမ်းသည် ခေတ်အဆက်ဆက် ထုတ်ပြန်ခဲ့သော အမိန့်တော်များမှ မြန်မာစာပေ ထိန်သိမ်းမှုဆိုင်ရာ များကို ကောက်နှုတ်ရေးသားထားခြင်းဖြစ်သည်။ အထူးသဖြင့်ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် အမိန့်တော်ပြန်တမ်းများမှ တင်ပြထားသည်။ လေ့လာတင်ပြရာတွင် ဒေါက်တာသန်းထွန်း၏ မြန်မာမင်း အမိန့်တော်ပြန်တမ်းများ (THER OYALS ORDER OF BURMAR1598-1885)ကို အလေ့လာခံအဖြစ် ထားရှိပြီး စကားပြေသဘောတရား နည်းနာများကိုအခြေခံ၍ လေ့လာတင်ပြသွားမည်ဖြစ်သည်။ ရှေး မြန်မာမင်းတို့သည် တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ စာပေအကျိုးတို့ကို အမိန့်တော်ပြန်တမ်းများ ထုတ်ပြန်ကာစောင့်ရှောက်ခဲ့သည်။ မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မြန်မာလူမျိုး တို့အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ထိုအမိန့်တော်ပြန်တမ်းများ အနက်မှမြန်မာစာပေနှင့် သက်ဆိုင် သော အမိန့်တော်များကို ရေးသားဖတ်ကြားတင်သွင်း သွားမည်ဖြစ်ပါသည်။ မြန်မာစာပေပိုမိုခိုင်ခံ့ အားကောင်းစေရန်အတွက် အားထုတ်ကြိုးပမ်းမှုဖြစ်သဖြင့် မြန်မာလူမျိုးတို့၏ ဘာသာစာပေ ယဉ်ကျေးမှုများသည် ကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေရခြင်းဖြစ်သည်။
Collections
Download
Year
- 2020
Author
-
Khin Than Htay
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)